Social Icons

Pages

Tuesday, April 3, 2012

Blue Angel အမေး...သရ အဖြေ


မင်္ဂလာပါ ကိုသရ....

မင်္ဂလာပါ Blue Angel ရေ....

ဒီနေ့ ညီမမေးချင်တာက အခုခေတ်မှာ လူငယ်တွေထက် လူကြီးတွေက ပိုပြီးတော့ဟော့နေကြတယ်...
လူငယ်တွေကိုကြတော့ အပြစ်တွေမြင်ကြပြီး သူတို့ကိုယ်တိုင်ရှေ့ဆောင်လမ်းပြမှားနေကြတာကိုတော့ အမှားလို့မထင်တတ်ကြဘူး...အဲဒီကိစ္စနဲ့ပတ်သတ်ပြီး လူငယ်တွေနဲ့လူကြီးတွေကြားမှာ အဖုအထစ်တွေဖြစ် လာပါတယ်... အဲဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးများရှိရင် ဖြေကြားပေးစေလိုပါတယ်။
အဖြေ။   ။ပြောရမယ်ဆိုရင် လူကြီးဆိုတဲ့စကားအတိုင်း သူတို့ကကြီးပြီမလား(အသက်)... ကြီးလာတာနဲ့အမျှ အတွေ့အကြုံကပိုများတယ်လေ... မဟုတ်တာတွေရော ဟုတ်တာတွေပါ လုပ်ခဲ့ပြီးကြပြီလေ... အခုကြတော့ ကျနော်တို့အလှည့်ပေါ့ (ဟဲ...ဟဲ) မဟုတ်တာတွေလုပ်လို့ကောင်းတုန်းလေ... ဟုတ်တာတွေ လုပ်နေကြတဲ့လူတွေလည်းရှိပါတယ်...အဲဒီလိုမဟုတ်တဲ့လမ်းကို လူကြီးတွေက မလျှောက်စေချင်ကြပါဘူး (သူတို့တွေလုပ်လို့မရတော့ဘူးလေ...ပြန်လွမ်းတာပေါ့)...ခါးသီးတဲ့အတွေ့အကြုံကို မခံစားစေချင် တာပေါ့ ဗျာ (Whiskeyက တော်တော်ခါးတယ်ဗျ)...ကျနော်တို့ လူငယ်ကလည်း လက်တည့်စမ်းချင် တယ်လေ...လက်တည့်မစမ်းခိုင်းတော့ ချောင်းပစ်ရတာပေါ့...ချောင်းပစ်ရင်း ပစ်ရင်းနဲ့ ကျနော်တို့ရဲ့လူ ကြီးတွေချောင်းဝပ်တဲ့နေရာတွေကိုတွေ့ကုန်ရော...အဲတော့ကျနော်တို့ကလည်း သူတို့လူကြီးတွေတောင် ချောင်းဝပ်သေးတာပဲဆိုပြီး လေးစားတဲ့စိတ်ကလေးတွေ လျော့ပါးသွားရတာပါ လူကြီးတွေကလည်း သူတို့ကိုမလေးစားရကောင်းလားဆိုပြီး စိတ်ဆိုးကြ တော့တာပဲလေ...

အဲဒါကိုဖြေရှင်းဖို့ကသိပ်လွယ်ပါတယ်...လူငယ်တွေကနပ်ရမယ်ဗျ...ဥပမာ အဖေက ဆေးကျောင်းတက်စေချင်တယ်...သားကသမိုင်းလေ့လာချင်တယ်ဆိုရင်...အဲဒါကို ဒဲ့ဒိုးမသွားပါနဲ့... သူတို့ရဲ့အိမ်ထောင်ရေးကိုမေးကြည့်လိုက်ပါ... မိဘကပေးစားလို့ယူတာလား ကိုယ်ချစ်လို့ယူတာလားဆိုပြီး တော့လေ... လူဆိုတာက အချစ်နဲ့ပတ်သတ်ရင် ပျော့ပြောင်းသွားတတ် တယ်လေ...ချစ်လို့ယူထားတာဆိုရင် ဒီလိုလေးပြောကြည့်လိုက်ပါ... "အဖေချစ်လို့ယူထားတဲ့အတွက် အဖေပျော်တယ်မလား...ကျနော်လည်းဒီဘာသာရပ်ကိုချစ်ပါတယ်...အဖေ သားကိုမပျော်စေချင်ဘူးလား ဟင်" လို့သာမေးကြည့်လိုက်ပါ သူတို့နည်းနည်းတွေဝေသွားပါလိမ့်မယ်...(မိုက်တယ်ကွာ တော်ကီက)

ပြန်ချုပ်ရမယ်ဆိုရင်  လူငယ်တွေက လူကြီးတွေနဲ့ ပြဿနာဖြစ်ပြီဆိုရင် တည့်တိုးမရင်ဆိုင်ပါနဲ့ ပါးပါးလေး ကိုယ်လိုချင်တဲ့နေရာကို ဆွဲခေါ်ပါ...တဖြည်းဖြည်းနဲ့လက်ခံလာပါလိမ့်မယ် လို့ပဲပြောချင်ပါတယ်...

ဟာသသဘော နည်းနည်းနှောထည့်ထားတဲ့အတွက်  လွန်တာရှိရင် တောင်းပန်ပါတယ်ခင်ဗျာ။
သရ

1 comment:

  1. လူတွေ...လူဖြစ်လာတာ...ဘာအတွက်လဲဆိုတာသိပြီးတဲ့နောက်မှာ....အားလုံးဟာ...သူ့နေရာသူရောက်သွားကြမှာပါ။

    ReplyDelete

 

Sample text

Sample Text