Social Icons

Pages

Thursday, April 5, 2012

ကရင်ရိုးရာ ဖားစည်


လူမျိုးတမျိုးတွင်မိမိဆိုင်ရာ ပိုင်ဆရာရိုးရာယဉ်ကျေးမူများကို အသီးသီးရှိကြလေသည်။ ထိုယဉ်ကျေးမူများသည်ပင် ထိုလူမျိုးတို့၏ အသက်သွေးကြောဖြစ်သကဲ့သို့ လူမျိုးစုများ၏ အရုပ်သကန်၊ အကျင့်စရိုက်၊ လူနေမူအဆင့်အတန်းများလည်း ထင်ဟပ်ပေါ်လွင်စေသည်။

               ရိုးရာယဉ်ကျေးမူများတွင် မိမိလူမျိုးများကို ကိုယ်စားပြုသော အမှတ်အသားလက္ခဏာပစ္စည်း
သို့မဟုတ် မိမိတို့လူမျိုးများ ဖြစ်ပေါ်လာသည့် သမိုင်းအမွှေပစ္စည်းများကို အစွဲပြု၍ မိမိတို့ဆိုင်ရာ လူမျိုးအလိုက်သုံးစွဲတတ်ကြလေသည်။ ကရင်လူမျိုးများမှာလည်း မိမိတို့ဆိုင်ရာ သမိုင်းသင်အမွေပစ္စည်း များရှိကြသည်။ ထိုအထဲတွင်တွင် ကရင်ဖားစည် ကရင်အခေါ် ကလိုးသည် အထင်ရှားဆုံး ယဉ်ကျေးမှု အမွှေပစ္စည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။ ကရင်အမျိုးသားတူရိယာများအနက် ဖားစည်မှာ အထင်ရှားဆုံးသော အမျိုးသားတူရိယာ ပစ္စည်းအဖြစ် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀) ကျော်က အစပြု၍ သုံးစွဲလာခဲ့သည်ဟု အဆိုရှိသည်။



ဖားစည်မှာ

(၁) သာယာအေချမ်းသော မင်္ဂလာဖားစည်၊
(၂) မကောင်းကျိုးဆိုင်ရာ အသုံးပြုသော ဖားစည်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။

ဖားစည်ကို ကြေးဖြင့်သွန်းစပ်ကာ မျက်နှာဝ တစ်တောင်၊ အလျား နှစ်တောင် ယေဘုယျအားဖြင့် ပမာဏရှိသည်။ မင်္ဂလာဖားစည်တွင် မျက်နှာ၏ ဖားစည်ရုပ်များ လက်ဝဲရစ်တစ်ကောင်း၊ နောက်က တစ်ကောင်လိုက်နေဟန်၊ လက် ယာရစ်တစ်တောင်၊ နောက်က တစ်ကောင်လိုက်နေဟန်၊ အရပ်လေးမျက်နှာတွင် ဖားရုပ်တစ်ရုပ်စီ ရှိကြလေသည်။        သို့သော် ဖားစည်မျက်နှာတွင် အရပ်လေးမျက်နှာ၏ ဖားနှစ်ကောင်ထပ်၊ သုံးကောင်ထပ်စသည်ဖြင့်လည်း ရှိတတ်သည်။ ဖားများသည် အရေ အတွက်အလိုက် တန်ဖိုးကြီးလေသည်။ အဆိုပါ ဖားရုပ်များကို အစွဲပြု၍ဖားစည် ဟုခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းဖားစည်ကို ကရင်အမျိုးသားတို့ အိမ်တိုင်း၏ မြတ်သောနေရာတွင် ချိတ်ထားလေ့ ရှိသည်။ ဖားစည်၏ အရွယ်အစားအကြီးအငယ် တန်ဖိုးအလိုက် ဂုဏ်သရေရှိ ကြေးရတက်တို၏ အ ဆင့်အတန်းအခြေအနေကို ခန့်မှန်းနိုင်လေသည်။ အဆိုပါ မင်္ဂလာဖားစည်ကို လကြတ်နေကြတ်သောအချိန်၊ လက်ထပ်မင်္ဂလာ အခမ်းအနားများ၊ နှစ်သစ်ကူးပွဲတော်နှင့် နေ့ကြီးရက်ကြီး ပျော်ပွဲရွှင်ပွဲများ စသည့် မင်္ဂလာယူသော အခါမျိုးတွင် တီးခတ်ကြလေသည်။

အမင်္ဂလာဆိုင်ရာ ဖားစည်၏မျက်နှာတွင် ဖားရုပ်များသည် အရပ်လေးမျက်နှာမှ မင်္ဂလာဖားစည်ကဲ့သို့ ဖားတစ်ကောင်၏နောက်မှ နောက်တစ်ကောင်မလိုက်ဘဲ အရှေ့အရပ်ဖားစည်ရုပ်သည် အနောက်အရပ်ရှိ ဖားစည်သို့လည်းကောင်း၊ တောင်အရပ်ရှိ ဖားစည်ရုပ်သည်မြောက်အရပ်ရှိ ဖားစည်ရုပ်သို့လည်းကောင်း၊ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင် ရပ်တည်နေလေသည်။

 မကောင်းကျိုးဆိုင်ရာ အသုံးပြုသော ဖားစည်ဟူမှာ(အဓိပါယ်မှာ) အမျိုးသားများ စည်းရုံးမှု ပျက်ပြားပြီး တစ်ဦးနှင့်တစ်ဦး ရန်စောင်သွေးကွဲ၊ ညီညွတ်ရေးပျက်ပြားသည့် သဘောကို အဓိပါယ်ဆောင်လေသည်။ အဆိုပါ ဖားစည်ကို ကရင်အမျိုးသားများသည် မိမိတို့ အိမ်မပြင်ဘက်ရှိ သီးသန့်နေရာ၌ချိတ်ဆွဲထားကြလေ သည်။ ၎င်းဖားစည်သည် တရံတခါေ ချွးပြန်သကဲ့သို့ အရေထွက်သော ဖားစည်ငိုသည်ဟု အယူရှိ၍ ကြက်သွေး၊ ၀က်သွေးတို့ဖြင်ပ ဖားစည်အား ပွတ်သပ်ပူဇော်ကြရလေသည်။ ထိုကဲ့သိုပ တိရိစ္ဆာန်သွေးဖြင့် ပူဇော် ခြင်း မပြုပါက အိမ်သူအိမ်သားများ နာမကျန်းဖြစ်ခြင်း၊ ဘေးဥပါဒ်များ ဆိုက်ရောက်တတ်သည်ဟု အယူရှိ သည်။  ၎င်းဖားစည်ကို အသုဘနှင်ပ အရိုးကောက်ပွဲများ၌ နေ့ရောာပါ တီးခတ်ကြလေသည်။ ၎င်းအပြင် စစ်တက်၊ စစ်ချီရာ၌တီးခတ်အသုံးပြုပါက အမင်္ဂလာဖားစည်၏ အသံကြားရသော် တစ်ဖက်သားရန်သူတို့

စိတ်ဓါတ်ခြောက်ခြားခြင်း၊ ကြောက်ရွံ့လျက် သေကြေပျက်စီးနိုင်သည်ဟု အယူရှိပြီး သေမင်းတပမန် စစ်ဖား
စည်အနေဖြင်ပ အသုံးပြုကြလေသည်။ထို့ပြင် ကရင်အမျိုးသားဖားစည်ကို ကရင့်အမျိုးသား အလံတော်တွင် အထွတ်အမြတ်အနေဖြင့် ထည့်သွင်း ဖေါ်ပြထားလေသည်။ ကရင်အခေါ် ကွယ်(ကျွဲချို)နှင့်လည်း အမြဲတစေ တွဲထားလေ့ရှိသည်။ဒုံးယိမ်းအကကို ကပြရာ၌ဖြစ် စေ၊ ကရင်အမျိုးသားတို့၏ နေ့ကြီးရက်ကြီးအခါ ပွဲတော်များ ကျင်းပရာ၌ဖြစ်စေ၊ ဖားစည်နှင့် ကျွဲချိုတို့ကိုတီးမှုတ်ပြီး အခမ်းမနားများ ဖွင့်လှစ်အစပျိုးလေ့ရှိသည်။အမျိုးသား အလံတော်၊ ဖားစည်၊ ကျွဲချိုတို့သည် ကရင်လူမျိုးတို့၏ အထင်ရှားဆုံး ရိုးရာယဉ်ကျေးမှု အမွှေအနှစ်ပစ္စည်းများ ဖြစ်ကြပါသည်။ တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရပေ။ထိုကြာင့် ကရင်လူမျိုးများ တည်ရှိနေသရွှေ့ ကရင်ရိုးရာယဉ်ကျေးမှု အမွှေအနှစ်ပစ္စည်းများလည်း တည်ရှိနေမည်သာ ဖြစ်ပါသည်။ကရင်လူမျိုးတိုင်းလည်း မိမိတို့၏ အထွတ်အမြတ် ယဉ်ကျေးမှု အမွှေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းကြရမည်။

               

0 comments:

Post a Comment

 

Sample text

Sample Text