Social Icons

Pages

Wednesday, April 4, 2012

သဘာဝ မျက်နှာပေါင်းတင်နည်း (for dry skin)


သဘာဝ မျက်နှာပေါင်းတင်နည်း (for dry skin)

ဆောင်းရာသီမှာ ပတ်ဝန်းကျင်မှာရှိတဲ့ စိုထိုင်းဆဟာ မိုးရာသီထက်စာရင် အတော်လေး နည်းသွားပါတယ်။ ဆောင်းရာသီမှာရှိတဲ့ အသားအရေ ရေဓာတ်ပမာဏဟာ၊ နွေရာသီထက်တောင် ပိုနည်းတယ်ဆို အံ့ဩကြမလားပဲ။ပုံမှန်အဆီပြန်တတ်တဲ့သူအတွက်တော့ ဒီ ရာသီဟာ၊ အလှပဆုံးအချိန်ဖြစ်ပေမယ့်၊ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့၊ လိုးရှင်းတွေဝယ်လိမ်းရ၊ face pack တွေ အုပ်ရနဲ့ အလုပ်ရှုပ်တဲ့ကာလပါပဲ။



ဒီနည်းလေးကတော့  ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ စိုပြေဝင်းပတဲ့ အသားအရေရဖို့ လွယ်လွယ်ကူကူ အိမ်မှာတင် ဖြေရှင်းနိုင်တဲ့နည်းလေးပါ။

အသုံးပြုမယ့် ပစ္စည်းတွေက -
 ကြက်ဥ တစ်လုံး၊
ငှက်ပျောသီး တစ်လုံး၊
ထောပတ်သီး တစ်လုံး

အရင်ဆုံး ငှက်ပျောသီးတဝက်နဲ့ ထောပတ်သီးတဝက်ကို ပန်းကန်လုံးထဲထည့်ပြီး ခြေပေးပါ။ ကျေသွားပြီဆို အနှစ်ဖယ်ထားတဲ့ ကြက်ဥတစ်လုံးကို ထည့်ပြီး သမအောင်နယ်၊ ပြီးရင် မျက်နှာပေါ်ခပ်ဖွဖွလေးလူးထားပြီး မိနစ် ၂၀ လောက် ထားထားလိုက်ပါ။
အချိန်ပြည့်ပြီဆို ရေကြက်သီးနွေးလေးနဲ့ မျက်နှာပြန်သစ်ပါ။ မျက်နှာ နဂိုကထက် ပိုမိုနူးညံ့ ဝင်းပသွားတာကို ခံစားမြင်တွေ့ရပါလိမ့်မယ်။

* ဒီနည်းလေးက အဆီပြန်တဲ့သူတွေ လုပ်လို့မရဘူးနော်။ ဝက်ခြံပေါက်တတ်တယ်။
               
http://www.thanakharmay.comမှကူးယူတင်ပြပါသည်

0 comments:

Post a Comment

 

Sample text

Sample Text