တချို့ရှိကြပါတယ်။ အစားလျှော့တာ၊ လူတော့ပိန်သွားပါရဲ့။ ဗိုက်ခေါက်က မပြုတ်ပဲကျန်ခဲ့တာ။ ချပ်ချပ်ရပ်ရပ်နဲ့ လှစေဖို့၊ ဆေးသောက်စရာ၊ ဆေးလူးစရာမလိုပါဘူး။ အလေးချိန်လျှော့ရာမှာ အယူအဆ အလွဲလေးတွေမရှိစေဖို့၊ ဒီချက်လေးတွေကို ဖတ်ကြည့်ကြပါနော်။
1) တစ်နပ်စာ လွှတ်ခြင်း
အစာတစ်နပ် မစားပဲထားတဲ့အခါ ခန္ဒ^ ကိုယ်က ပုံမှန်စားနေကျထက် လောင်စာတွေ ကို ပိုပြီးလိုအပ်ပါတယ်။။ ဒါကြောင့် အစာစားလိုက်တဲ့ အခါ၊ ခန္ဒ^ကိုယ်က နောက်ထပ် အသုံးလိုရင်ထုတ်သုံးရအောင် စားလိုက်သမျှ ကို အဆီအဖြစ် ဝမ်းဗိုက်နားတစ်ဝိုက်မှာစုထားလိုက်ပါတယ်။
ဒါကြောင့်၊ပျိုမေတို့ ဝိတ်ချတော့မယ်ဆိုရင် တစ်နပ်စာရှောင်တာထက်၊ အစာနည်းနည်းကို သုံးလေးနာရီ ခြားတစ်ခါ စားပေးသင့်ပါတယ်။
2)သက်သက်လွတ်စားခြင်း
တချို့က အသား၊ငါး၊ နို့ထွက်ပစ္စည်းတွေကိုကယ်လိုရီတွေ၊ အဆီဓာတ်တွေပါတယ်ဆိုပြီးမစားကြပြန်ဘူး။ တကယ်တော့၊ အသားဓာတ် ဟာ၊ ခန္ဒ္ဒ္ဒ^ ကိုယ် ဇီဝဖြစ်စဉ်ကို မြင့်မားအောင်အားပေးတဲ့ အစာပါ။ အဆီတွေ မစုစေအောင် တားပေးနိုင်ပါတယ်။ကယ်လိုရီနည်းတဲ့ cottage ချိစ်တို့၊ တူးနားငါးတို့ကို ၆ အောင်စ စားပေးရင် တစ်နေ့စာ အသားဓာတ်လိုအပ်ချက်ရဲ့ ၄ ပုံ ၃ ပုံ ကိုဖြည့်ပေး ပါတယ်တဲ့။
3)ပေါင်မုန့်ကို မကောင်းဘူးလို့ထင်တဲ့အမြင်
ပေါင်မုန့်ဖြူ (နူးညံ့အောင်လုပ်ထားတဲ့)တွေသာမကောင်းတာပါ။ ပေါင်မုန့်အကြမ်းတို့၊ ဘာလီတို့လို ကောက် နှံတို့ကိုစားပေးတာဟာ၊ သွေးထဲက အင်ဆူလင်ဟော်မုန်းပမာဏကို ဖြည်းဖြည်းချင်းတက်စေတာမို့ ဝမ်းဗိုက်မှာ အဆီစုနိုင်ခြေ လျော့သွားပါတယ်။ ဆန်လုံးညို၊ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့အစာတွေကို တစ်နေ့တစ်ခေါက် ပုံမှန်စားကြည့်ရင်၊ သိသာလာတာ ကို မြင်တွေ့ရမှာပါ။
4)"Lite" product များကိုမှီဝဲခြင်း
အဆီမပါတဲ့ဒိန်ချဉ်တို့၊ Diet Coke တို့ကိုသောက်တာက ကိုယ့်ခန္ဒ^ ကိုယ် ကျန်းမာဖို့အတွက် လို့ထင်ကြတယ်။ မဟုတ်ပါဘူး။ အချိုအတွက် သကြားနေရာမှာ အစားထိုးတဲ့ ဆေးသကြားတွေက လူတွေလုပ်ထားတဲ့ artificial products တွေ ဖြစ်ပါတယ်။ အာဟာရသုတေသီတွေ က အဲဒီ ဆေးသကြားတွေဟာ အဆီသိုလှောင်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားပေးတဲ့ အရာတွေလို့ ယုံကြည်ထားကြပါတယ်။
5)အဆီတိုင်းကို ရန်သူဟု ယူဆခြင်း
အခုတလောတွေ့ရှိထားတဲ့ လေ့လာချက်က Mono Unsaturated Fatty Acid (MUFA) တွေဟာ သင့်ဗိုက်မှာရှိတဲ့ အဆီတွေကို ဖျော်ချပေးနိုင်တဲ့ အစွမ်းရှိတဲ့အပြင်၊ အစားစားချင်စိတ်ကိုလည်း ထိန်းထားပေးပါတယ်တဲ့။ MUFA ကြွယ်ဝတဲ့အစားစာတွေက ထောပတ်သီး၊ သံလွင်ဆီ၊ သစ်ကြားသီး၊သီဟိုရ်စေ့၊ နေကြာဆီ၊နှမ်းဆီ၊ပြောင်းဆီတို့ဖြစ်ကြပါတယ်။
အထက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို သတိထားရင်း ပျိုပျိုမေတို့ လိုချင်တဲ့ အနေအထားကို ရ ယူဖို့ကြိုးစားလိုက်ကြပါစို့။
http://www.thanakharmay.comမှကူးယူဖော်ပြပါသည်။


0 comments:
Post a Comment