Social Icons

Pages

Sunday, April 1, 2012

လူငယ်နှင့်ကလေးငယ်တွေရဲ့ စွမ်းရည်တွေကိုမြှင့်တင်ကြပါစို့


လူတိုင်းလူတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းတွေ၊စွမ်းရည်တွေရှိကြပါတယ်။တခါတရံမှာ ကျနော်တို့တွေဟာ ကိုယ့်မှာရှိနေတဲ့အရည်အချင်းတွေကိုသတိမထားမိကြသလို အသုံးချဖို့ကိုလဲမေ့လျှော့နေတက်ကြပါတယ်။ မိဘတွေကလဲ မိမိရင်သွေးငယ်တွေရဲ့အရည်အချင်းတွေကို လျှစ်လျှူရှု့ထား တတ်ကြပါတယ်။ ဒါကြောင့်လူငယ်နှင့်က လေးငယ်တွေရဲ့ စွမ်းရည်တွေကိုဖေါ်ထုတ်ကာ မြှင့်တင်ပေးနေတဲ့အဖွဲ့ကလေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။



လူမှုရေးဆိုင်ရာလုပ်ငန်းများတွင် လူငယ်တွေအားကျအတုယူလောက်တဲ့ လူမှုရေးအဖွဲ့တွေအများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ လူငယ်တွေပါဝင်ဦးဆောင်ကာ ကလေးငယ်တွေရဲ့ တီထွင်ဖန်တီမှုစွမ်းရည်တွေကို မြှင့်တင်ပေးရင်း လူမှုအကျိုးပြုလုပ်ငန်းတွေကိုပါ တဖက်တလမ်းမှ ပါဝင် လုပ်ဆောင်နေတဲ့( pure future)အဖွဲ့လေးဖြစ်ပါတယ်။ ဒီအဖွဲကလေးကို2009 ခုနှစ် အကုန်မှာစတင်တည်ထောင်ခဲ့ပါတယ်။(pure future)ဟာဆိုရင် လူငယ်နှင့်ကလေး ငယ်တွေကို လက်မှုပညာတွေကိုသင်ကြားပေးရင်း နစ်မြုတ်နေတဲ့ကလေးငယ်တွေရဲ ကိုယ်ပိုင်စွမ်းရည် တွေကို ဖေါ် ထုတ်ကာ မြှင့်တင်ပေးရန်နှင့် ကလေးတွေမှာတီထွင်ဖန်တီးလိုစိတ်တွေကိုမွေးထုတ်ပေးရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ပါတယ်။

စတင်ဖွဲ့စည်းစဉ်မှာတော့ SAW (Social Action for Women) မှ ဆရာများဖြစ်ကြတဲ့ ဦးသီဟမောင်မောင်၊ ဦးထိန်ဝင်း၊ ဦးဝဏ္ဏဇော်၊ ဦးစစ်မုန်းသွေး ဆရာမဒေါ်စန်းစန်းနှင့် ဒေါ်သူဇာတို့မှ ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ကနဦးပိုင်းတွင် ကလေးငယ်များစိတ်ဝင်စားပြီး ပျော်ရွှင်မှု့ကိုပေးနိုင်မည့် လက်မှုပညာတွေကို သင်ကြားရင်း ကလေးငယ်တွေကို နိုးကြားစေခဲ့ပါတယ်။အချိန်အနည်းငယ်ကြာပြီးနောက် လူငယ်များ တက်ကြွစွာ ပါဝင်လာကြပါတယ်။(pure future) ရဲ့စိတ်ဝင်စား စရာကောင်းတဲ့အစီအစဉ်တွေနှင့်အတူ လူငယ်တွေရဲ့ တက်ကြွစွာပါဝင်လာမှု့ကြောင့် အခြားကျန်ရှိနေသည့် လူငယ်တွေကိုပါ စိတ်ဝင်စားမှု့ရှိအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဖွဲ့မှအပတ်စဉ်သောကြာနေ့တိုင်း လက်မှုပညာရပ်များကို သင်ကြားပေးခဲ့ပါတယ်။ယခုလို သင်ကြားမှု့တွေ activities တွေလုပ်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ပညာရေးတင်မက လူမှုလုပ်ငန်းများတွင်တဖက်တလမ်းမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

saw မှအခမ်းနားပြင်ဆင်မှုနှင့် ကျောင်းနှင့်သက်ဆိုင်သည့် လွတ်လပ်ရေးနေ့အခမ်းအနား၊ထိုင်းဘုရင်မွေး နေ့၊ဘုရင်မမွေးနေ့ စတဲ့အခမ်းအနားပြင်ဆင်မှု့တွေတင်မက 7 ဂျူလိုင်၊ ၈၈ အရေးအခင်းစတဲ့အခမ်းအနား ပြင်ဆင်မှုမျိုးတွင် pure future ကလေးငယ်များ၏လက်ရားများဖြင့် ကူညီလုပ်ဆောင်နိုင်ခဲ့ပါတယ်။ထို့အပြင် saw အဖွဲ့အစည်းမှ အခမ်းအနားပြင်ဆင်မှု့နှင့်ပတ်သက်၍ တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ယခုလို အထက်လူ ကြီးတွေရဲ့ ယုံကြည်မှုတွေရလာပြီးတဲ့နောက်မှာ pure future မှလူငယ်နှင့်ကလေးငယ်တွေဟာ သူတို့ကိုသူ တို့ ယုံကြည်မှုတွေရှိလာပြီး သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကို ဘယ်လိုအသုံးချရမည်ဆိုတာကို သိရှိနားလည် လာခဲ့ပါတယ်။ ထို့အတူ လူမှုအသိုင်းအဝိုင်းနှင့်ရင်းနှီးမှုတွေရရှိပြီး လူမှုစိတ်ဓာတ်တွေကို ပေါက်ဖွားလာစေ ပါတယ်။

pure future အနေနှင့် ကလေးတွေရဲ့စွမ်းရည်တွေနှင့်တီထွင့်ဖန်တီးလိုတဲ့စိတ်တွေကို ပြုစုပျိုးထောင်သွားမှာဖြစ် ပါတယ်။ ယခုလက်ရှိအနေနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုရည်ရွယ်၍ စွန့်ပစ်ပစ္စည်းများ ဖြင့်ပြုလုပ် ထားသည့် တီးဝိုင်းလေးတစ်တခုကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။၎င်းတီးဝိုင်းလေးကို June, 5 ရက်နေ့တွင် saw မူလတန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ပါတယ်။

လူငယ်နှင့်ကလေးငယ်တွေရဲ့စွမ်းရည်တွေကိုအသိအမှတ်ပြုကာ တီထွင်ဖန်တီးလိုစိတ်တွေဖြစ်ပေါ်လာ အောင် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ယခုလို လူငယ်နှင့်ကလေးငယ်တွေရဲ့ ကိုယ်ပိုင်စွမ်းရည်တွေဖြင့် လူ့အဖွဲ့အစည်းကို တဖက်တလမ်းမှ ကူညီလုပ်ဆောင်နိုင်ပါတယ်ဆိုတာ ကျနော်စာရေးသူအနေနှင့်စာဖက် ပရိတ်သတ်များကိုမျှဝေလိုက်ပါတယ်။

pure future မှ ဆရာဦးသီဟမောင်မောင်အားသွားရောက်မေးမြန်းခြင်းနှင့်ကိုယ်တိုင်သွားရောက်လေ့လာခဲ့ သည်များကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

လရိပ်ကြွယ်

0 comments:

Post a Comment

 

Sample text

Sample Text