တကိုယ်ကောင်းဆန်တဲ့ည
ငါ့ရဲ့ညက ငါ့ကိုလှောင်တယ်....
လမင်းရဲ့ အပြုံးက လူကို ငိုစေတယ်.....
ကြယ်က ကြယ်ကိုနမ်းတယ်
မကြည့်စေချင်လို့ လားမသိ...
တိမ်ဖြူခိုးတွေ အုပ်ပစ်တယ်..
ဟိုး....အဝေးက ကြယ်တစ်ပွင့်..
ရင်ဘက်ထဲကို ကြွေတယ်....
မကြားချင်တဲ့ ညရဲ့
တိတ်ဆိတ်မှုတွေ...ဆွဲငင်နေလိုက်ကြတာ......
ပူလောင်လို့........နောက်..
ရင်ဘက်ထဲက အလွမ်းတစ်ပွင့်
ညကို စုတ်ဖြဲ လိုက်တာ...........
ပိုး...စိုး........ပက်........စက်..........။
0 comments:
Post a Comment