ကျမဒီနေ့ ကျမရဲ႕သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပညာရေးနဲ့သက်ဆိုင်တဲ့ Online Program လေး တခုအကြောင်းဖြစ်ပါတယ်။ ဒီ Program လေးရဲ႕နာမည်ကတော့ EPOP (Exam Preparation Outreach Program) လို့ခေါ်ပါတယ်။
ပထမဦးဆုံး ဒီ Program ကနေဘာတွေလုပ်ပေးနိုင်ပါသလဲ
ဆိုရင် ကျောင်းသားတွေရဲ႕ အင်္ဂလိပ်ဘာသာစကားတိုး တက်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို အရည်အသွေးပြည့်မီစွာ ဖြေဆိုနိုင်ဖို့အတွက် ကူညီပေးတဲ့ Online Program တစ်ခုဖြစ်ပါတယ်။ ဒီProgramမှာ ပါ၀င်တာတွေကတော့ TOEFL, IELTS နှင့် GED တို့ဖြစ်ပါတယ်။ အာရှတိုက်၏ ဒေသပေါင်းစုံမှာရှိတဲ့ ကျောင်းသားများဟာ TOEFL,IELTS နှင့် GED စာမေးပွဲတွေကို ပြည့်ဝတဲ့ အရည်အချင်းတွေနဲ့အောင်မြင်စွာဖြေဆိုနိုင်ဖို့အတွက် ခက်ခဲစွာရှာဖွေရပါတယ်။ပထမဦးဆုံး ဒီ Program ကနေဘာတွေလုပ်ပေးနိုင်ပါသလဲ
ထို့ကြောင့် ဒီ Program ကနေပြီးတော့ ကျောင်းသားများနှင့်တိုက်နှင့်တိုက်ရိုက်ဆက်သွယ်ပြီး အရည်အသွေးမီစွာ ယှဉ်ပြိုင်နိုင်ဖို့အတွက်ကျောင်းသားတွေရဲ႕ လိုအပ်ချက်တွေကို ကူညီပေးဖို့ ရည်ရွယ်ပါတယ်။ ဒီ Program မှာတက် ရောက်ခွင့်ရပြီဆိုလျှင်တော့ လအနည်းငယ်ကြာ ပြီးနောက်မှာ ကျောင်းသားတွေဟာ အက်ဆေးတွေနှင့် အိမ်စာတွေကို Online မှာ ပုံမှန်လုပ်ရမှာဖြစ်ပါတယ်။ အဲဒါတွေပြီးပြီဆိုရင်တော့ Online ကနေတဆင့် တခြားကျောင်းသားတွေနဲ့ အကြံဉာဏ်ချင်း ဖလှယ်ကြရမှာဖြစ်ပါ တယ်။ ဒါ့အပြင် အရည်အချင်းပြည့်မီတဲ့ ဆရာများနှင့် ၀န်ထမ်းများမှ ကျောင်းသားတွေရဲ႕ ဆန္ဒနဲ့ဆုံးဖြတ်ချက်တွေကို ကူညီပေးဖို့အတွက် Online မှာ အချိန်ပြည့်ရှိနေပါတယ်။ ဒါတွေပြီးစီး သွားတဲ့နောက်မှာတော့ EPOP မှတဆင့် တခြားအပေါင်းအပါ အဖွဲ့အစည်းများနဲ့လဲ ချိတ်ဆက်ပေးပါလိမ့် မယ်။ ဒါ့အပြင်ကျောင်းသားတွေကို ပညာသင်ဆုနှင့် ထောက်ပံ့ကြေးတွေရနိုင်ဖို့အတွက် အချက်အလက်တွေကိုသေချာစွာ ရှာဖွေပေးပါလိမ့်မယ်။
ဒါကြောင့် သူငယ်ချင်းတို့လဲ ဒီProgramလေးမှာ တက်ရောက်ချင်တယ် ဒါမှမဟုတ် ဒီထက်မကအသေးစိတ် သိချင်တယ်ဆိုရင် epopasia@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ သူငယ်ချင်းတို့ရေ ကံကောင်းကြပါစေလို႔ ဆုတောင်းပေးလိုက်ပါတယ်နော်။
Sailor Moon

0 comments:
Post a Comment