ကျနော်တို့ရဲ့ ပရိတ်သတ်တွေထဲမှာ ဂိမ်းဝါသနာအိုးများပါမယ်ထင်ပါတယ်။ ဒါကြောင့် Playstation 1 ဂိမ်းတွေကို ကွန်ပြူတာမှာ ဆော့လို့ရအောင် game emulator လေးတခုကို မိတ်ဆက်ပေးလိုက်ပါတယ်။
PS 1 တွေက ၂၀၀၃ ခုနှစ်လောက်မှာကျန်ခဲ့ပြီလို့ပြောပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အပျင်းပြေဆော့လို့ရတာပေါ့။ ပြီးတော့ ဒီ emulator လေးက ဘယ်ကွန်ပြူတာမဆို အဆင်ပြေမယ်လို့ထင်ပါတယ်... install လုပ်ရတာ လည်း ထွေထွေထူးထူးသိပ်မရှိပါဘူး။ အားလုံးပဲကြိုက်ကြလိမ့်မယ်ထင်ပါတယ်။
ပထမဆုံးကတော့ ဒီမှာ သွားပြီး ePSXe 1.7.0 ကို download လုပ်လိုက်ပါ။ RAR ဖိုင်ဖြစ်တဲ့အတွက် ဖိုင်ကိုပြန်ဖြေရပါလိမ့်မယ်။ RAR ဖိုင်ဖြေနည်းကတော့ ဒီလိုပါ ...RAR ဖိုင်ပေါ် RIGHT click နှိပ်ပြီး Extract ဆိုတဲ့ သုံးခုက တခုကိုရွေးရုံပါပဲ...
ကျနော်ကတော့ Extract to epsxe170 ဆိုတာကိုပဲရွေးလိုက်တယ်...ရွေးပြီးတဲ့နောက်တော့
ပုံမှာပြထားတဲ့အတိုင်း folder တခုထွက်ပေါ်လာပါပြီ...အဲဒီထဲကမှ စက်ဝိုင်းထဲက applicationလေး (ဂိမ်းခလုတ်ပုံလေး)ကို double click နှိပ်လိုက်ပါ။
ကလစ်နှိပ်လိုက်လို့ ဒီပုံလိုမျိုးလေး ထွက်လာရင်
အနီဝိုင်းပြထားတဲ့အတိုင်း Configuration ကိုနှိပ်လိုက်ပါ။
အဲမှာ သူ recommend ပေးတဲ့အတိုင်းသာလုပ်သွား တချို့ဟာတွေက test ဆိုတဲ့ဟာလေးတွေပါပါတယ်။ အဲဒီ test ကို ကလစ်နှိပ်လိုက်လို့ Plugin working correctly ဆိုရင် ရပါပြီ။
အော် ဂိမ်းခွေတွေအတွက်ကတော့ ဒီမှာ သွားကြည့်ပြီးဒေါင်းလိုက်ပေါ့။
ပြီးရင်တော့ ဒီပုံမှာပြထားတဲ့အတိုင်း
File ထဲကအတိုင်း run cdrom ဖြစ်ဖြစ် (စက်ထဲတွင်ရှိသော disc ကို run ခြင်း)
Run ISO ဖြစ်ဖြစ် (iso, bin, img, cue, ccd, mds ဖိုင်များကို run ခြင်း)
Run PS-EXE ( ZIP ဖိုင်များကို run ခြင်း) မိမိဂိမ်း extension နဲ့ ကိုက်ညီရာကို ရွေးချယ်နိုင်ပါတယ်။





0 comments:
Post a Comment