ပုံကိုကြည့်တာ ခက်မယ်ထင်ပြီး နောက်ပြန်မလှည့်ကြပါနဲ့နော်။ လွယ်လွယ်လေး ပါပဲ။ လှလည်းလှတယ်။ သူငယ်ချင်းတစ်ယောက် facebook မှာတင်ထားတာ သဘောကျလို့ လိုက်လုပ်ထားတာပါ။
လိုအပ်တာလေးတွေက -
လက်သည်းဆိုးဆေး အဖြူရောင် နဲ့ အရောင်ရင့်ရင့် တစ်မျိုးမျိုး
ထုံးစံအတိုင်း သွားကြားထိုးတံ
ဒီမှာတစ်ခုတိုးတာက ဆံညှပ်ကလစ် အမည်း (bobby pin)
(ကျွန်မဆီမှာ မရှိလို့ ဘီးချွန်ရဲ့ ထိပ်နဲ့ပဲ သုံးလိုက်ပါတယ်)
အရင်ဆုံး အညိုရင့်ရောင်ကို ဆိုးပြီး ခြောက်အောင် စောင့်လိုက်ပါတယ်။
အဖြူရောင်ကို ဘီးချွန် ရဲ့ထိပ် နဲ့ အစက်လေးစက်ချပါ။
သွားကြားထိုးတံကိုယူပြီး အစက်လေးစက်ရဲ့ တစ်ဖက်တစ်ချက်မှာ အခုလို အစက်လေးနှစ်စက်စီ လိုက်ချပါတယ်။
ပြီးရင် ခုနသွားကြားထိုးတံနဲ့ပဲ အဖြူစက်လေးစက်ရဲ့ အတွင်းထောင့်မှာ အညိုရောင် အစက်လေး တစ်ခုစီ လိုက်ချပေးပါ။
ပန်းပွင့်လှလှလေးတွေရပြီ။
ဒီထက်နည်းနည်း ကွန့်ချင်ရင် သွားကြားထိုးတံနဲ့ပဲ အလယ်မှာ အဖြူရောင် ဝတ်ဆံလေး တွေ လိုက်ထည့်နိုင်ပါတယ်။
ဒီလိုလေးပါ။ :) ကြိုက်တယ်ဟုတ်?
0 comments:
Post a Comment