Social Icons

Pages

Thursday, March 29, 2012

ကရင်ရိုးရာဒုံးအက

ကရင့်ရိုးရာဒုံးအက
ကရင်လူမျိုးတို့၏ဘ၀ ကရင်လူမျိုးတို့၏ အလှကို   ထင်ဟပ်ဖော်ကျူးသော အကတစ်မျိုးကို ပြပါဟုဆိုလျှင် ကရင်လူမျိုး တို့ မြတ်နိုးခင်တွယ်သော ဒုံးအကကိုပြရပေလိမ့် မည်။ ဒုံးအကသည် စုပေါင်း၍ သွက်လက်မြူး ကြွသော စည်းလုံးညီညွတ်မှုကို အခြေခံသည့်အကဖြစ်သည်။ ကရင်လူမျိုးတို့ ညီညွတ်သော အစဉ် လည်းတက်ကြွသော စိတ်ဓာတ်ကို ဒုံးအကတွင် မြင်တွေ့နိုင်သည်။ တက်ကြွညီညွတ်သော လူမျိုး၏ မြူးကြွ လှုပ်ရှားသော အကဟူ၍ ဆိုနိုင်သည်။













ကရင်မျိုးနွယ်စုနှင့်ဒုံး အက
ကမ္ဘာပေါ်ရှိတိုင်းပြည်နိုင်ငံအသီးသီးမှလူမျိုးအသီးသီးတို့သည်ကိုယ်ပိုင်ယဉ်ကျေးမှုအကများ ရှိကြသည်။နိုင်ငံနှင့်လူမျိုးကိုလိုက်၍ယဉ်ကျေးမှုအရကိုယ်ပိုင်အကများ၊တူရိယာများလည်းရှိကြပေသည်။ ယင်းကိုယ်ပိုင်အကယဉ်ကျေးမှုကိုအမျိုးသားဟန်၊အမျိုးသားမာန်တို့ဖြင့်ထိန်းသိမ်းခြင်းမြှင့်တင်ခြင်း ပြုကြ

ကုန်သည်။ကရင်လူမျိုးတို့သည်လည်းရိုးရာ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သည့် ဒုံးအကသည် လူမျိုးနှင့်အတူ တည်ရှိလာခဲ့သည်။လူမျိုး၏ယဉ်ကျေးမှုကိုယ်ပိုင်အမွေအနှစ်အဖြစ်လည်းအစဉ်အဆက်ထိန်းသိမ်း၍ပြန်လည်
ဖော်ထုတ်ခြင်းခေတ်နှင့်စနစ်တို့ကိုထင်ဟပ်နိုင်သောမြှင့်တင်ခြင်းကိုလည်းပြုမြဲရှိကြသည်။ ကရင်ဒုံးအကမှာမြူးကြွ၍ကိုယ်၊လက်၊ခြေ၊ခေါင်းတစ်ကိုယ်လုံးလှုပ်ရှား၍လျင်မြန်စွာကခုန်ရသည်။ ပမာနှိုင်းသော်ကရင်ဒုံးအက၏လှုပ်ရှားမှုသည်အနောက်တိုင်းမှအအေးဒဏ်များကာကွယ်နိုင်ရန်
မြူးတူးလှုပ်ရှားသောအကမျိုးနှင့်ဆင်တူသယောင်ရှိနေပေသည်။

ဒုံးအက၏မူလအစ
ကရင်ဒုံးအကသည်လူမှုရေးလုပ်ငန်းများကိုစုပေါင်းဆောင်ရွက်ရာမှအစပြု၍ဖြစ်ပေါ်ခဲ့သည်ဟု ရှေးဘိုးဘွားဘီဘင်တို့က အဆိုပြုထားရစ်ခဲ့ကြသည်။ ကခြင်း ခုန်ခြင်းမပြုနိုင်ခဲ့သည့် အစဦးပိုင်းတွင် သီဆိုခြင်းကိုစခဲ့သည်။ ယင်းမှတီးမှုတ်ခြင်း ထို့နောက်သီဆိုခြင်းနှင့် တွဲ၍ တီးမှုတ်ခြင်း ရှိလာ၏။ ထိုသို့သီဆိုခြင်း တီမှုတ်ခြင်း တွဲလာ၍ မရှေးမနှောင်းပင် ကခုန်ခြင်းကိုပါ တွဲ၍ သီဆိုကခုန်လာခဲ့ကြသည်။

သမိုင်းအရ ကရင်လူမျိုးများသည် ပါးမီးယား ကုန်းပြင်မြင့်မှ ဆင်းသက်ခဲ့ပြီး အဆင့်ဆင့် ပြောင်းရွေ့လာခဲ့ရာ ဂိုဘီသဲကန္တာရကိုဖြတ်ကျော်ပြီးတိဗက်ကုန်းပြင်မြင့်အရှေ့တရုတ်ပြည်ယန်စီကျန်မြစ်အနီးတောတောင်များတွင် နှစ်ပါင်းများစွာ အခြေစိုက်နေထိုင်ခဲ့သည်ဟုဆိုသည်။ထိုဒေသများတွင်နေထိုင်ခဲ့စဉ်တောင်ယာများကိုအဓိကလုပ်ကိုင်

စားသောက်ကြသည်။တောင်ယာမှစပါးရိတ်သိမ်း၍တလင်းများတွင်စပါးများကိခြွေချနယ်သည့်အခါ အမျိုးသားအမျိုးသမီးတို့ကညီညီညာညာတေး၊ကဗျာ၊လင်္ကာများကိုသီဆိုကြသည်။ထို့သိုသီဆိုရာတွင်အမျိုးသားအချို့ကကောက်နှံစပါးသီးနှံများကိုပိုမိုကောင်းမွန်၍ ပိုမိုထွက်ရှိခြင်းကို ၀မ်းမြောက်ဝမ်းသာ ကခုန်ကြသည်။
မျိုးမည်ထွေပြား ဒုံးအကများ
ကရင်ဒုံးအကသည်ခေတ်အလိုက်လူနေမှုစနစ်ကိုထင်ဟပ်၍တိုးတက်ပြောင်းလဲလာခဲ့ပြီးထိုသို့ပြောင်းလဲမှုတွင်

ဒုံးအမျိုးအစားကိုလိုက်၍တည်ရှိနေကြသည်။ခေတ်နှင့်စနစ်တို့၏အချိန်အခါအရလည်း ဒုံးအမျိုးအစားများကို ခွဲခြား၍ ခေါ်ဝေါ်ကြသည်။


(၁) ရှေးဟောင်းဒုံးအက
(၂) ဇာတ်လမ်းဒုံး
(၃) သူ့သဘောသူဆောင်သောဒုံး
(၄) အမင်္ဂလာဒုံး
(၅) မောင်ရို့ဒုံး
(၆) ကလေးသူငယ်ဒုံး
(၇) အမျိုးသမီးပျိုဒုံး
(၈) လူပျိုဒုံး
(၉) အပျိုလူပျိုဒုံး တို့ဖြစ်ပါသည်။

0 comments:

Post a Comment

 

Sample text

Sample Text