Social Icons

Pages

Thursday, March 29, 2012

Leggings လေးများနဲ႔တွဲ၀တ်စရာ

Leggings လေးတွေ နဲ့ တွဲဝတ်စရာ

Leggings လေးတွေဝတ်တာက တစ်ခေတ်ပြန်ဖြစ်လာတယ်ဆိုရမှာပါ။ အမြင်မှာ မရိုင်းစေပဲ တွဲဝတ်ရင် စတိုင်လ်ကျစေမယ့် အင်္ကျီပုံလေးတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
အမဲရောင် က ဘယ် အဝတ်အစားနဲ့မဆို လိုက်ဖက်တာကြောင့် အနက်ရောင်လေးတွေကို အဓိကထားပြီး တင်ပြပေးလိုက်ပါတယ်။




ချစ်စရာကောင်းတဲ့ တွဲဝတ်စရာ mini dress လေးတွေပါ။
များသောအားဖြင့် Leggings တွေဟာ ဖိနပ်အပါး၊ ခြေညှပ်တွေထက် လည်ရှည် boots၊ ဒေါက်မြင့် တို့နဲ့ပိုလိုက်ဖက်ပါတယ်။






အေးတဲ့ရာသီတွေမှာ အနွေးထည် sweater အရှည်လေးတွေကို Leggings နဲ့တွဲပြီး စတိုင်လ် ထုတ်နိုင်ပါတယ်။

size တစ်ခုကြီးတဲ့ရှပ် ဒါမှမဟုတ် တီရှပ်တို့နဲ့ ဝတ်ဆင်နိုင်သလို ခါးရှည်အကျီ လေးတွေနဲ့ တွဲဝတ်ပေးနိုင်ပါတယ်။

ပုံမှာ Jessica Alba က Leggings ကို oversized ရှပ်အကျီ အပွနဲ့ ဖက်ရှင်ကျကျ တွဲဝတ်ထားတာကို  တွေ့ရမှာပါ။


သိပ်မပွစေချင်ရင် ခါးပတ်လှလှလေးတွေနဲ့ အလှဆင်နိုင်ပါတယ်။






ဝယ်ထားတဲ့ စကတ်နဲ့ ဘောင်းဘီလေးတွေ တိုလွန်းလို့ ဝတ်ရတာအဆင်မပြေရင် ဒီလိုထွင်ပြီး ဝတ်နိုင်ပါသေးတယ်။




သတိထားရမှာက ဝတ်မယ်ဆို အပေါ်အကျီကို တင်ပါးဖုံးတာလေးရွေးဝတ်ဖို့ပါ။ အဖြူရောင်ရှိတဲ့ leggings တွေက မိန်းကလေးတော်တော်များများနဲ့ မလိုက်တာမို့ မဝတ်တာအကောင်းဆုံးပါပဲ။





http://www.thanakharmay.com မှကူးယူတင်ပြပါသည်

0 comments:

Post a Comment

 

Sample text

Sample Text